Tuesday, June 19, 2012
Backtrack 5 auto login
Backtrack 5 မှာ login ကို auto ၀င်ချင်လျှင် # apt-get install rungetty လိုရိုက်လိုက်ပါ ။ rungetty ကို install လုပ်လိုက်တာပါ ။ ပြီးလျှင် /etc/init/tty1.conf ကို vi command နဲ့ ဝင်ပြင်ရပါတယ် ။ ၀င်ပြင်ရမဲ့ command က # vi /etc/init/tty1.conf လို့ ရိုက်လိုက်ပါ ။ ပြီးလျှင် default ပေးထားတဲ့ exec /sbin/getty ......... tty1 ကို ရှေ့မှာ '#' အဲ့ဒါလေးခံပေးလိုက်ပါ ။ နောက်တကြောင်းမှာ exec /sbin/rungetty tty1 --autologin root လိုက် ထည့်လိုက်ပါ ။ ၀င်ပြင်တာ ပြီးရင် save ပြီးထွက်လိုက်ပါ ။ # vi /root/.bash_profile လိုက်ရိုက်ပြီး ဖိုင်ထဲမှာ startx လို့ ရိုက်ပြီး save လိုက်ပါ ။ အဲဒါဆိုရင် နောက်တစ်ခေါက် စက်ဖွင်ရင် gui mode ထိ တတ်သွားတာ ကိုတွေရပါလိမ့်မယ် ။
Wednesday, June 13, 2012
Windows 7 fixmbr
Windows 7 နဲ့ linux dual တင်ပြီးတော့ linux ကို ပြန်ဖြုတ်လိုက်တော့ grub error တတ်လာပါတယ် ။ XP မှာဆိုရင် XP ခွေထည့်လိုက်ပြီးတော့ recovery console ထဲဝင်လိုက်ပြီး fixmbr လို့ ရိုက်လိုက်ရင် ပြန်ကောင်းသွားပါတယ် ။ Windows 7 မှာ fixmbr ရှာမတွေဘူးဖြစ်နေတယ် ။ နောက်ရှာကြည့်တော့မှ fixmbr ရိုက်ဖို့ ကို Bootsec.exe /fixmbr လို့ ရိုက်မှ ok သွားတော့တယ် ။
Tuesday, June 12, 2012
Windows 7 password reset
ဒီနည်းလေးကို ပျော်စရာကောင်းလို့ မှတ်မိနေတာပါ ။ windows 7 မှာ password reset လုပ်ဖို့ အတွက် boot တတ်လို့ ရတဲ့ ခွေ တစ်ခုခုလိုပါတယ် ။ ပြီးရင် ခွေနဲ့ boot တတ်လိုက်ပြီး windows/system32/utilman.exe ဖိုင်ကိုရှာပြီး နာမည်တစ်ခုခုချိန်လိုက်ပါ ။ ဥပမာ utilman.bak ပေါ့ ။ ပြီးရင် cmd.exe ဖိုင်ကို utilman.exe လို့ copy ကူးပြီးပွါးလိုက်ပါ ။ ဒါဆို အရင် utilman.exe နာမည်နဲ့ ပဲ cmd က အလုပ်လုပ်လို့ ရပါပြီ ။ restart ချပြီး အရင်အတိုင်း စက်ပေးတတ်လိုက်ပါ ။ password ဖြည့်ရမဲ့ screen ရောက် ပြီးဆိုရင် ဘယ်ဘက်အောက်လေးနားမှာရှိနေတဲ့ button လေးကို နှိပ်လိုက်တာနဲ့ cmd box တတ်လာပါမယ် ။ cmd တတ်လာပြီ ဆိုရင် လုပ်ချင်တာလုပ်လို့ ရပါပြီ ။ explorer ခေါ်ပြီး lusrmgr.msc ထဲမှာ password ကို reset ချလိုက်ပါ ။ windows 7 password ပျက်သွားပါလိမ့်မယ် ။
Linux kernel update
Linux kernel update လုပ်ဖို့ ပထမဦးဆုံး http://kernel.org/ မှာ kernel ဖိုင်ကို download လုပ်ဖို့ လိုပါတယ် stable version ကအကောင်းဆုံးပါပဲ ။ kernel ဖိုင်ရပြီ ဆိုရင် ဘယ်မှာသိမ်းထားလဲ ဆိုတာကို မှတ်ထားလိုက်ပါ ။ ပြီးလျှင် အောက်က command များကို အစဉ်လိုက်ရိုက်ပေးလိုက်ပါ ။
# cd /usr/src/..... (usr အောက်က src folder ထဲကို ၀င်လိုက်ပါတယ်)
# ls ( ls ကိုရိုက်လိုက်ရင် linux-2.x.x.x လိုမျိုး floder တစ်ခုရှိနေပါလိမ့်မယ်)
# tar -xzvf /...../..../linux-3.x.x.x ( မျဉ်းတားထားတဲ့နေရာ မှာဒေါင်းထားတဲ့ kernel ဖိုင်ထားတဲ့နေရာ ကိုထည့်ပေးရပါမယ်)
# cd linux-3.x.x.x (ဖြည်လိုက်တဲ့ ဖိုင်ထဲကို ၀င်လိုက်ပါတယ်)
# make config (or) make xconfig (or) make menuconfig (ကြိုက်ရာ တစ်ခုရိုက်ပါ)
# make bzImage (kernel ကို compile လုပ်တဲ့ command ပါ)
# make modules (modules ကို compile လုပ်တဲ့ command ပါ)
# make modules_install (install modules)
# make install (install kernel)
ဒီထိပြီးရင် boot ဖိုဒါထဲကို kernel link ရောက်နေပါပြီ။ ဒါဆို vi command နဲ့ grub file ကို ၀င်ပြင်လိုက်ရင် ရပါပြီ။ install လုပ်ထားတဲ့ kernel version path ကို အရင် path နေရာမှာ ထည့်ပေးလိုက်ရင် အားလုံး ပြီးစီးသွားပါပြီ။

Saturday, June 9, 2012
Shutdown ကို အချိန်နဲ့ ချလိုလျှင်
Shutdown ကိုအချိန်နဲ့ ချလိုလျှင် Autoshutdown ဆိုတဲ့ software နဲ့ ချလို့ ရပါတယ် ။ software မရှိတဲ့သူတွေကတော့ windows မှာပါတဲ့ shutdown command နဲ့ ချလို့ ရပါတယ် ။ အခု shutdown command နဲ့ ဘယ်လိုချသလဲ ဆိုတာကို ပြောပြပါမယ် ။ windows keys (or) start button + r ကို တွဲနှိပ်ပြီး shutdown /t xxx /s လိုရိုက်ရင် ရပါပြီ ။ xxx ဆိုတာက ကိုပေးချင်တဲ့ အချိန်ကို second နဲ့ ထည့်ပေးရမည့်နေရာပါ ။ ဥပမာ shutdown /t 10 /s ဆိုရင် 10 second ကြာပြီးရင် shutdown ကျသွားပါလိမ့်မယ် ။ မသိသေးတဲ့ သူတွေအတွက် ပါ။
Trojan ဆိုတာဘာလဲ ?
Trojan ဆိုတာ အလွယ်ပြောရင်တော့ virus တစ်မျိုးပါ ။ ဒါပေ့မယ် ဘာကွာလဲဆိုရင် trojan ကိုက်ပြီ ဆိုတာနဲ့  trojan က ကိုက်လိုက်တဲ့ computer ကို backdoor အပေါက်တစ်ပေါက် ဖောက်ပေးလိုက်တယ် ။ အဲ့အပေါက် ထဲကနေ အဲ trojan ကို ပိုလိုက်တဲ့ ပိုင်ရှင်က ၀င်လာလို့ ရတယ် ။ အရမ်းကြောက်ဖို့ ကောင်းတယ် ။ ကိုယ်ပိုင်တဲ့ computer ကို သူများ ၀င်သုံးပြီ ဆိုတာနဲ့ ကိုယ်အတွက် လုံခြုံမူဆိုတာ လုံးဝမရှိတော့ဘူး ။ နောက် နည်းပညာတွေက အရမ်းတိုးတက်လာတော့ credit card တို့ ဘာတို့ သုံးနေပြီဆိုရင် လုံခြုံမူက ပိုပြီးတောင် အလေးထားရတော့မှာ ဖြစ်ပါတယ် ။ လုံခြုံမူကို အလေးမထားဘူး ဆိုရင် ဆုံးရှုံးမူ တွေအများကြီး နဲ့ ကြုံနိုင်ပါတယ် ။ ဒါကြောင့် computer သုံးပြီဆိုတာနဲ့  antivirus ကောင်းကောင်းလေးတော့ တင်ထားသင်ပါတယ် ။
Subscribe to:
Posts (Atom)