မီးခဏခဏ ပျက်ပြီး ups က မနိုင်တော့ရင် ကွန်ပျူတာက shutdown မချရပဲ ထိုးရပ်သွားတတ်ပါတယ်။ အဲလိုခဏခဏ ဖြစ်ပြီဆိုတာနဲ့ windows မတတ်တော့တာတို့ ၊ windows အတတ်နှေးနေတာတို့  ၊ windows error တတ်လာတာတို့ ဖြစ်တတ်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ hard disk မှာ bad sector လေးတွေ ဖြစ်သွားလို့ ပါပဲ ။ Bad sector ဖြစ်သွားရင် ဒီ chkdsk command လေး run ပြီးတော့ ပြန်ကောင်းအောင် လုပ်လို့ ရပါတယ် ။ ဒါမှ မဟုတ် My computer ထဲက drive တွေကို properties > Tools > Error-checking > Check now နဲ့ လည်း စစ်နိုင်ပါတယ် ။ Command ထဲက စစ်ချင်လျှင် windows + r > cmd လို့ ရိုက်ပြီး enter ခေါက်ပါ ၊ chkdsk /v /f /r c: လို့ ရိုက်လျှင် drive C ကိုစစ်ပြီး chkdsk /v /f /r d: လို့ ရိုက်လျှင် drive D ကိုစစ်ပေးပါတယ် ။
No comments:
Post a Comment