Sunday, September 23, 2012
Windows 7 activation မရရင်
windows 7 ကိုသုံးနေရင်းနဲ့ genuine errorဖြစ်သွားတယ်။ windows loader မောင်းလဲမရဘူး ။ဘာကြောင့်လည်း လိုက်ရှာတော့ windows updates ဖြစ်သွားတာ သွားတွေတယ်။ update file တွေကအများကြီးဆိုတော့ ဘယ်ဖိုင်ကို ဖြုတ်ရမှန်းမသိဘူး ထပ်ရှာကြည့်လိုက်တော့မှ KB971033 ဆိုတဲ့ ဖိုင်ကို ပြန်ဖြုတ်လိုက်တော့ ok သွားတယ်။
Tuesday, June 19, 2012
Backtrack 5 auto login
Backtrack 5 မှာ login ကို auto ၀င်ချင်လျှင် # apt-get install rungetty လိုရိုက်လိုက်ပါ ။ rungetty ကို install လုပ်လိုက်တာပါ ။ ပြီးလျှင် /etc/init/tty1.conf ကို vi command နဲ့ ဝင်ပြင်ရပါတယ် ။ ၀င်ပြင်ရမဲ့ command က # vi /etc/init/tty1.conf လို့ ရိုက်လိုက်ပါ ။ ပြီးလျှင် default ပေးထားတဲ့ exec /sbin/getty ......... tty1 ကို ရှေ့မှာ '#' အဲ့ဒါလေးခံပေးလိုက်ပါ ။ နောက်တကြောင်းမှာ exec /sbin/rungetty tty1 --autologin root လိုက် ထည့်လိုက်ပါ ။ ၀င်ပြင်တာ ပြီးရင် save ပြီးထွက်လိုက်ပါ ။ # vi /root/.bash_profile လိုက်ရိုက်ပြီး ဖိုင်ထဲမှာ startx လို့ ရိုက်ပြီး save လိုက်ပါ ။ အဲဒါဆိုရင် နောက်တစ်ခေါက် စက်ဖွင်ရင် gui mode ထိ တတ်သွားတာ ကိုတွေရပါလိမ့်မယ် ။
Wednesday, June 13, 2012
Windows 7 fixmbr
Windows 7 နဲ့ linux dual တင်ပြီးတော့ linux ကို ပြန်ဖြုတ်လိုက်တော့ grub error တတ်လာပါတယ် ။ XP မှာဆိုရင် XP ခွေထည့်လိုက်ပြီးတော့ recovery console ထဲဝင်လိုက်ပြီး fixmbr လို့ ရိုက်လိုက်ရင် ပြန်ကောင်းသွားပါတယ် ။ Windows 7 မှာ fixmbr ရှာမတွေဘူးဖြစ်နေတယ် ။ နောက်ရှာကြည့်တော့မှ fixmbr ရိုက်ဖို့ ကို Bootsec.exe /fixmbr လို့ ရိုက်မှ ok သွားတော့တယ် ။
Tuesday, June 12, 2012
Windows 7 password reset
ဒီနည်းလေးကို ပျော်စရာကောင်းလို့ မှတ်မိနေတာပါ ။ windows 7 မှာ password reset လုပ်ဖို့ အတွက် boot တတ်လို့ ရတဲ့ ခွေ တစ်ခုခုလိုပါတယ် ။ ပြီးရင် ခွေနဲ့ boot တတ်လိုက်ပြီး windows/system32/utilman.exe ဖိုင်ကိုရှာပြီး နာမည်တစ်ခုခုချိန်လိုက်ပါ ။ ဥပမာ utilman.bak ပေါ့ ။ ပြီးရင် cmd.exe ဖိုင်ကို utilman.exe လို့ copy ကူးပြီးပွါးလိုက်ပါ ။ ဒါဆို အရင် utilman.exe နာမည်နဲ့ ပဲ cmd က အလုပ်လုပ်လို့ ရပါပြီ ။ restart ချပြီး အရင်အတိုင်း စက်ပေးတတ်လိုက်ပါ ။ password ဖြည့်ရမဲ့ screen ရောက် ပြီးဆိုရင် ဘယ်ဘက်အောက်လေးနားမှာရှိနေတဲ့ button လေးကို နှိပ်လိုက်တာနဲ့ cmd box တတ်လာပါမယ် ။ cmd တတ်လာပြီ ဆိုရင် လုပ်ချင်တာလုပ်လို့ ရပါပြီ ။ explorer ခေါ်ပြီး lusrmgr.msc ထဲမှာ password ကို reset ချလိုက်ပါ ။ windows 7 password ပျက်သွားပါလိမ့်မယ် ။
Linux kernel update
Linux kernel update လုပ်ဖို့ ပထမဦးဆုံး http://kernel.org/ မှာ kernel ဖိုင်ကို download လုပ်ဖို့ လိုပါတယ် stable version ကအကောင်းဆုံးပါပဲ ။ kernel ဖိုင်ရပြီ ဆိုရင် ဘယ်မှာသိမ်းထားလဲ ဆိုတာကို မှတ်ထားလိုက်ပါ ။ ပြီးလျှင် အောက်က command များကို အစဉ်လိုက်ရိုက်ပေးလိုက်ပါ ။
# cd /usr/src/..... (usr အောက်က src folder ထဲကို ၀င်လိုက်ပါတယ်)
# ls ( ls ကိုရိုက်လိုက်ရင် linux-2.x.x.x လိုမျိုး floder တစ်ခုရှိနေပါလိမ့်မယ်)
# tar -xzvf /...../..../linux-3.x.x.x ( မျဉ်းတားထားတဲ့နေရာ မှာဒေါင်းထားတဲ့ kernel ဖိုင်ထားတဲ့နေရာ ကိုထည့်ပေးရပါမယ်)
# cd linux-3.x.x.x (ဖြည်လိုက်တဲ့ ဖိုင်ထဲကို ၀င်လိုက်ပါတယ်)
# make config (or) make xconfig (or) make menuconfig (ကြိုက်ရာ တစ်ခုရိုက်ပါ)
# make bzImage (kernel ကို compile လုပ်တဲ့ command ပါ)
# make modules (modules ကို compile လုပ်တဲ့ command ပါ)
# make modules_install (install modules)
# make install (install kernel)
ဒီထိပြီးရင် boot ဖိုဒါထဲကို kernel link ရောက်နေပါပြီ။ ဒါဆို vi command နဲ့ grub file ကို ၀င်ပြင်လိုက်ရင် ရပါပြီ။ install လုပ်ထားတဲ့ kernel version path ကို အရင် path နေရာမှာ ထည့်ပေးလိုက်ရင် အားလုံး ပြီးစီးသွားပါပြီ။
Saturday, June 9, 2012
Shutdown ကို အချိန်နဲ့ ချလိုလျှင်
Shutdown ကိုအချိန်နဲ့ ချလိုလျှင် Autoshutdown ဆိုတဲ့ software နဲ့ ချလို့ ရပါတယ် ။ software မရှိတဲ့သူတွေကတော့ windows မှာပါတဲ့ shutdown command နဲ့ ချလို့ ရပါတယ် ။ အခု shutdown command နဲ့ ဘယ်လိုချသလဲ ဆိုတာကို ပြောပြပါမယ် ။ windows keys (or) start button + r  ကို တွဲနှိပ်ပြီး shutdown /t xxx /s လိုရိုက်ရင် ရပါပြီ ။ xxx ဆိုတာက ကိုပေးချင်တဲ့ အချိန်ကို second နဲ့ ထည့်ပေးရမည့်နေရာပါ ။  ဥပမာ shutdown /t 10 /s ဆိုရင် 10 second ကြာပြီးရင် shutdown ကျသွားပါလိမ့်မယ် ။ မသိသေးတဲ့ သူတွေအတွက် ပါ။
Trojan ဆိုတာဘာလဲ ?
Trojan ဆိုတာ အလွယ်ပြောရင်တော့ virus တစ်မျိုးပါ ။ ဒါပေ့မယ် ဘာကွာလဲဆိုရင် trojan ကိုက်ပြီ ဆိုတာနဲ့  trojan က ကိုက်လိုက်တဲ့ computer ကို backdoor အပေါက်တစ်ပေါက် ဖောက်ပေးလိုက်တယ် ။ အဲ့အပေါက် ထဲကနေ အဲ trojan ကို ပိုလိုက်တဲ့ ပိုင်ရှင်က ၀င်လာလို့ ရတယ် ။ အရမ်းကြောက်ဖို့ ကောင်းတယ် ။ ကိုယ်ပိုင်တဲ့ computer ကို သူများ ၀င်သုံးပြီ ဆိုတာနဲ့ ကိုယ်အတွက် လုံခြုံမူဆိုတာ လုံးဝမရှိတော့ဘူး ။ နောက် နည်းပညာတွေက အရမ်းတိုးတက်လာတော့ credit card တို့ ဘာတို့ သုံးနေပြီဆိုရင် လုံခြုံမူက ပိုပြီးတောင် အလေးထားရတော့မှာ ဖြစ်ပါတယ် ။ လုံခြုံမူကို အလေးမထားဘူး ဆိုရင် ဆုံးရှုံးမူ တွေအများကြီး နဲ့ ကြုံနိုင်ပါတယ် ။ ဒါကြောင့် computer သုံးပြီဆိုတာနဲ့  antivirus ကောင်းကောင်းလေးတော့ တင်ထားသင်ပါတယ် ။
Monday, May 21, 2012
Windows and Linux
Windows နဲ့ Linux နဲ့ ဘယ်ဟာပိုကောင်းလဲ ဆိုရင် computer ဆိုပြီး စသုံးဖူးတာက windows လေ ၊ အဲ့တော့ windows က ပိုလွယ်တယ်လို့ ထင်တယ် ။ Application တွေဆိုရင်လည်း ဆိုင်မှာသွားဝယ်ရင် အလွယ်တကူ ရတယ် ။ Problem သေးသေးလေးတွေ ဆိုရင်လည်း သုံးတဲ့သူ အချင်းချင်း မေးလိုက်ရင် အဆင်ပြေသွားတာက များတယ် ။ Windows အသစ်တွေ ဘယ်လောက်ထွက်ထွက် linux ပြောင်းသုံး တာလောက်တော့ မခက်တာသေချာတယ် ။ အဲလို အားသာချက်တွေ ရှိတယ် ။ ဒါပေမယ့် အားနည်းချက်က မလုံခြုံတာ များတယ် ။ Virus ခဏခဏ ကိုက်တယ် ။ Anit-virus ကြီးတင်ထားတာတောင် virus ကိုက်တာ ခံရသေးတယ် ။ ၀ယ်သုံးရတယ် အလကား မရဘူး copy သုံးတော့ update လုပ်လို့ မရဘူး ။ အဲဒါတွေက အားနည်းချက်တွေ တခြားအားနည်းချက်တွေ ကျန်သေးတယ်နော် ။ error ခဏခဏ တတ်တာတွေ အများကြီး ရှိသေးတယ် ။ Linux က အလကားရတဲ့ distro က များတယ် ။ တချို့ က ၀ယ်သုံးရတယ် ဒါပေမယ့် သက်သက်သာသာ ပဲ ဈေးပေါတယ် ။ Virus လည်း အလွန်နည်းတော့ virus ကိုက်တာ မခံရဘူး ၊ hardware requirement နည်းလည်း သုံးလို့ ရတယ် ၊ update လည်းလုပ်လို့ ရတယ် ။ Ubuntu ဆိုရင် မြန်မာ Ubuntu team တောင်ရှိနေပြီ Problem တွေကို အကူအညီတောင်းလို့ ရတယ် ။Error နည်းတယ် ။ ဒါပေမယ့် ပုံမှန် user တစ်ယောက် အနေနဲ့ သုံးဖို့ နည်းနည်း ခက်တယ် ။ application တွေက ၀ယ်ဖို့ ခက်တယ် ။ Online ပေါ်မှာပဲ ဒေါင်းရတော့ connection မကောင်းရင် အဆင်မပြေဘူး ။ တခြားအားနည်းချက် အားသာချက်တွေလည်း ရှိသေးတယ် ။ လေ့လာထားသင်တယ်လို့ တော့ အကြံပေးချင်တယ် ။ Windows တွေသာ ၀ယ်သုံးရတော့မယ် ဆိုရင် linux ကိုပြောင်းသုံးဖို့ အဆင်သင့် မဖြစ်ဘူး ဆိုတာနဲ့ ပိုက်ဆံ ကုန်ဖို့ သေချာသွားတာပေါ့ ။ ဒါကြောင့် ပိုက်ဆံ ကုန်မှာ ကြောက်ရင် ပညာလည်းတိုး ပိုက်ဆံလည်း သက်သာအောင် လေ့လာထားဖို့ တော့ လိုလိမ့်မယ်လို့ ထင်ပါတယ် ။
TP link CPE TL-WA5210G firmware upgrade
TP link CPE TL-WA5210G ကိုသုံးနေရင်း နဲ့ access time မှာ loading ဆွဲနေတာ တော်တော်လေးကို ကြာလာတယ် factory default လုပ်လည်း ခဏပဲ ပြန်ဖြစ်တယ် ၊ နောက်တော့ firmware ကို upgrade လုပ်လိုက်မှ ပဲ အဆင်ပြေသွားတယ် ။ CPE ကို upgrade လုပ်တာက အလွန်လွယ်ပါတယ် ၊ ဒါပေမယ် မီးပျက်လို့ မရဘူး ၊ ပုံမှန်အတိုင်း CPE ip ကို browser ကနေ ၀င်လိုက်တယ် ။ ဥပမာ http://192.168.1.254 ပေါ့ ၊ ပြီးရင် CPE ရဲ့ username password ကိုရိုက်ပြီးဝင် ၊ default က username=admin password=admin နဲ့ ဝင်လို့ ရပါတယ် ။ ပြီးရင် system tool > firmware ကိုကလစ်ပေးလိုက်ပါ ၊ firmware page မှာ hardware version နဲ့ firmware version တွေကြည့်လိုရပါတယ် ၊ update ဖြစ်တဲ့ firmware version ကို http://www.tplink.com မှာဒေါင်းလို့ ရပါတယ် ၊ ဒေါင်းလို့ ရလာတဲ့ zip ဖိုင်ကို ဖြည်ပြီးတော့ အထဲမှာပါတဲ့ .BIN ဖိုင်လေးကို CPE ကနေ လမ်းကြောင်းရွေးပေးလိုက်ရင် ၂ မိနစ်လောက် ကြာရင် firmware upgrade လုပ်တာ ပြီးသွားပါတယ် ။ upgrade လုပ်တာပြီးရင် factory default တစ်ခေါက်လုပ်ပေး လိုက်ရင် အားလုံးပြီးစီးသွားပါတယ် ။
Blue screen error
Blue screen BSOD (Blue Screen Of Dead)သည် - Memory မကောင်းတော့လျှင်သော်လည်းကောင်း - Hard disk bad sector ကြောင့်သော်လည်းကောင်း - driver error ကြောင့်သော်လည်းကောင်း ဖြစ်နိုင်သည် ။ တခါတရံ windows error ကြောင့်လည်း ဖြစ်တတ်သည် ။
Windows install within 30 seconds
Hard disk bad sector
မီးခဏခဏ ပျက်ပြီး ups က မနိုင်တော့ရင် ကွန်ပျူတာက shutdown မချရပဲ ထိုးရပ်သွားတတ်ပါတယ်။ အဲလိုခဏခဏ ဖြစ်ပြီဆိုတာနဲ့ windows မတတ်တော့တာတို့ ၊ windows အတတ်နှေးနေတာတို့  ၊ windows error တတ်လာတာတို့ ဖြစ်တတ်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ hard disk မှာ bad sector လေးတွေ ဖြစ်သွားလို့ ပါပဲ ။ Bad sector ဖြစ်သွားရင် ဒီ chkdsk command လေး run ပြီးတော့ ပြန်ကောင်းအောင် လုပ်လို့ ရပါတယ် ။ ဒါမှ မဟုတ် My computer ထဲက drive တွေကို properties > Tools > Error-checking > Check now နဲ့ လည်း စစ်နိုင်ပါတယ် ။ Command ထဲက စစ်ချင်လျှင် windows + r > cmd လို့ ရိုက်ပြီး enter ခေါက်ပါ ၊ chkdsk /v /f /r c: လို့ ရိုက်လျှင် drive C ကိုစစ်ပြီး chkdsk /v /f /r d: လို့ ရိုက်လျှင် drive D ကိုစစ်ပေးပါတယ် ။
Windows 7 welcome screen disable
User account နှစ်ခု နှင့် အထက်မှာ windows က desktop ထိတခါထဲနဲ့ မတတ်တော့ဘူး ။ User account ကိုရွေး ပြီးမှ တတ်တော့တယ် ။ User account ဘယ်နှစ်ခု ရှိရှိ desktop အထိတန်းတတ်ချင်ရင်တော့ welcome screen ကို ပိတ်ပေးရပါတယ် ။ Run box ခေါ်ပြီးတော့ control userpasswords2 လို့ ရိုက်ရင် user accounts wizard တစ်ခု တတ်လာပါတယ် ။ အဲဒီ မှာ တန်းပြီးတတ်စေချင်သော account ကို select ပေးလိုက်ပြီး အပေါ်က "Users must enter username and password" checkbox ကို အမှန်ခြစ်ဖြုတ်ပေးလိုက်ပြီး restart ချ ပေးလိုက်ရင် user account တစ်ခုထဲကလို windows တတ်တာကို ပြန်မြင်ရပါလိမ့်မယ် ။
Windows 7 japan keyboard and font
Windows 7 မှာ ဂျပန် စာရိုက်ချင်လျှင် font ထပ်တင်ဖို့ မလိုပါဘူး။ Keyboard install လုပ်ပေးရုံနဲ့ တင်ရပါတယ်။ ဂျပန် keyboard ကို install လုပ်ချင်လျှင် start > control panel > region and language ထဲကို ၀င်လိုက်ပါ။ Keyboards and Languages ဆိုတဲ့ tab ထဲက Change Keyboards ကို နှိပ်ပါ။ Text Services and Input Languages wizard လေးပေါ်လာရင် အောက်က add ဆိုတဲ့ button ကို နှိပ်ပြီး Japanese keyboard နဲ့ Microsoft IME ကိုထည့် ပေးလိုက်ရင် install လုပ်တဲ့ ပထမ အဆင့်ပြီးသွားပါပြီ ။ ပြီးရင် apply နှိပ်Text Services and Input Languages wizard ထဲက Advanced Key Settings ထဲမှာ change key sequence ကိုနှိပ် switch input language မှာ left alt + shift ကို ရွေး ၊ swithch keyboard layout မှာ ctrl + shift ကိုရွေးလိုက်ရင် japan keyboard install လုပ်တာ ပြီးစီးသွားပါပြီ ။ ဂျပန် keyboard ကို ရိုက်လိုလျှင် alt + shift ကို နှိပ် taskbar မှ keyboard icon လေးပြောင်းသွားသည် ကို တွေ့ ရပြီးလျှင် alt + ` ကိုထပ်နှိပ်၍ ဂျပန်စာကို ရိုက်နိုင်ပါသည်။
OS platform
OS platform ဆိုတာ OS အမျိုးအစား မတူညီတာ တွေကိုပြောတာပါ။ Popular ဖြစ်တဲ့ OS တွေကတော့
  •     Microsoft windows ( eg. windows xp,windows 7)
  •     Linux ( eg. fedora,redhat)
  •     Mac OSX (eg. Mac OSX v 10.7 )
  •     BSD (Unix Family) တို့ ဖြစ်သည်။